Wednesday, August 10, 2011

Excel Exercises (1)


အခု ပြသမယ့် သင်ခန်းစာကတော့ EXCEL လေ့ကျင့်ခန်းများပဲ ဖြစ်ပါတယ်..
Excel လေ့ကျင့်ခန်း လုပ်ရန်အတွက် microsoft Office 2005 or 2007 software လိုအပ်ပါတယ်..


သင်ခန်းစာ (၁)




Б) Заполнить строку  Всего, используя функцию Автосумма


သင်ခန်းစာ (၁) တွင် ပုစ္ဆာက ရှာခိုင်းချက်တွေကတော့…
 ၁။ ပေးထားတဲ့ ပုံပါအတိုင်း ဇယားကို ဆွဲပေးရပါမည်..
 ၂။ ကိန်းဂဏန်း အားလုံးကို ပေါင်းပေးရပါမည်။
 ၃။ မူလ ပုံပါအတိုင်း စာလုံး အရောင် ၊ ဇယားအရောင် တစ်ပုံစံတည်း  ဖြစ်အောင် ပြုလုပ်ပေးရပါမည်..
                     
ပြုလုပ်ပုံ အဆင့်တွေကို အဆင့်( ၄) နဲ့ ပြသသွားပါမည်။ 


၁။ ပထမဆုံး အနေနဲ့ ပုစ္ဆာက ပေးထားတဲ့ အမည်တွေ အတိုင်း ချရေးလိုက်ပါ.။
၂။ ပြီးလျှင် ပုစ္ဆာမှာ ပါတဲ့ လ အမည်တွေကို ရေးမည် ဆိုပါက  ပထမ လအမည်နဲ့ ဒုတိယ လအမည်ကို 
    ရေး    ပြီးလျှင် ယင်း  လအမည် နှစ်ခု စလုံးကို mouse ဖြင့် select ပေးပြီး ကျန်တဲ့     လအမည်တွေကို 
    ပုစ္ဆာကတောင်းတဲ့    လအမည်တွေ အထိ   ဆွဲချ လိုက်ပါ ။ ဥပမာကို ပုံ(က) တွင် ပြထားပါသည်။
၃။ ကိန်းဂဏန်းတွေကို ပေါင်းမည် ဆိုပါက ဇယားတွင် ပါဝင်သော ဂဏန်း အားလုံးကို select ပေးပြီး excel 
    header မှာ ရှိတဲ့ Auto sum ကို click လိုက်ရုံဖြင့် အလွယ် တစ်ကူ ဂဏန်းတွေ အားလုံးကို  
    ပေါင်းပြီးသား ဖြစ်သွားမှာပါ ။ ပုံ(ခ)တွင် ပြသထားပါသည်။
၎။ ဂဏန်းတွေ ပေါင်းပြီးလျှင်ဆိုပါက ဇယားကွက်တွေကို ဘောင်ခတ်မည် ဖြစ်ပါသည်။
    (ကက) excel header မှာ ပါဝင်တဲ့ Home ထဲက Border ကို click ပေးပြီး More Border ကို click   
              ပေး ပါ   ။
     (ခခ) ယင်းနောက် ပုစ္ဆာက တောင်းတဲ့ အတိုင်း မျဉ်းကြောင်း ကာလာ၊ ပုံစံကို ရွေးပေးလိုက်ပါ။
             ပုံ (ဂ နှင့် ဃ ) တွင် ပြသ ထားပါသည်။

                                                    ပုံ(က)



                                             ပုံ(ခ)
                                                      ပုံ(ဂ)
                                                ပုံ(ဃ)


                                     Video file ဖြင့်လည်း ပြသ ထားပါသည်





No comments: